မကြာခင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုမည့်သူဦးရေ (၁၈ဝဝဝဝ)နီးပါးရှိ

လာမည့် မတ်လ(၈)ရက်တွင် စတင်ဖြေဆိုမည့် တက္ကသိုလ်ဝင်စာမေးပွဲ၌ စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူ (၁၈ဝဝဝဝ) နီးပါးရှိကြောင်း နစက၏ သတင်းအချက်အလက်များအရ သိရသည်။


၂ဝ၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်မှစတင်ကာ မတ်လ(၁၈)ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး ဖြေဆိုချိန်သည် နံနက်(၉)နာရီမှ နေ့လည်(၁၂)နာရီအထိဖြစ်ကြောင်း သိရသည်။

စာ‌မေးပွဲဖြေဆိုခွင့်ကတ်များကို ဖေဖော်ဝါရီလ(၂ဝ)ရက်က စတင်ထုတ်ပေးခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေး ပွဲဖြေဆိုရန် လျှောက်လွှာတင်သူပေါင်း (၁၇၉၇၄၂)ဦးရှိကြောင်း အချက်အလက်များအရ သိရသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ် စာမေးပွဲတွင် ဖြေဆိုသူစုစုပေါင်း(၂၈၁၇၅၁)ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအောင်ချက်ရာ ခိုင်နှုန်းသည် (၄၆ ဒသမ ၈၈) ရာခိုင်နှုန်းဖြင့် အောင်မြင်သူ(၁၃၁ဝ၇၇)ဦး ရှိခဲ့သည်။

ထို့ကြောင့် ယခုနှစ်ကျင်းပမည့် စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမည့်သူဦးရေမှာ ပြီးခဲ့သည့်နှစ်က ဖြေဆိုသူဦးရေထက် (၁ဝ၂ဝဝ၉)ဦး လျော့နည်းခဲ့ကြောင်း သိရသည်။

ယခုကျင်းပမည့် စာမေးပွဲသည် ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ကျရှုံးသူများနှင့် အကြောင်းအမျိုးမျိုး ကြောင့် ဝင်ရောက်ဖြေဆိုခွင့်မရခဲ့သူများအတွက် စနစ်ဟောင်း၊ သင်ရိုးဟောင်းဖြင့် နောက်ဆုံးအကြိမ် စစ် ဆေးမည့် တက္ကသိုလ်ဝင်စာမေးပွဲလည်းဖြစ်သည်။

ပြီးခဲ့သော ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီအချိန်ကလည်း စာသင်ကျောင်းများ နှင့် ဆရာ၊ ဆရာမများအား ခြိမ်းခြောက်ခြင်း၊ ဗုံးခွဲခြင်းစသောဖြစ်စဥ်များရှိခဲ့သည်ကို တွေ့ရသည်။

Post a Comment

Previous Post Next Post